Naraindaraco.,ltd (နရိန္ဒြာ) သည် ၂၀၁၅ ခုနှစ်မှ စတင်ပြီး နိုင်ငံတကာ စံချိန်မှီ မျှစ်ခြောက်များကို နိုင်ငံတကာသို့ တင်ပို့ရောင်းချလျှက်ရှိပါသည်။ နရိန္ဒြာအနေဖြင့် တောင်သူများ ရေရှည် ဝင်ငွေရရှိရေး၊ ဈေးကွက်ဝင်ဝါး စနစ်တကျစိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်အကျိုးပြု ဝါးတောများ ထိန်းသိမ်းရေးအတွက် လိုအပ်သောနည်းပညာများကို ပညာရှင်များဖြင့် စာတွေ့၊ လက်တွေ့ နည်းလမ်းများအသုံးပြုကာ အစဉ်တစ်စိုက်ပံ့ပိုးပေးလျှက်ရှိပါသည်။ ထို့အပြင် ထွက်ရှိလာသော ထုတ်ကုန်များကိုလည်း ဈေးကွက်ပေါက်ဈေးထက် ( ၂ ဆ ) ပေး၍ဝယ်ယူပေးခြင်းများကိုလည်း လုပ်ဆောင်ပေးလျှက်ရှိပါသည်။