အရည်အသွေးမြင့်ရာဘာအစေးပြားထုတ်လုပ်သည့်စက်ရုံများအား ပံ့ပိုးမှုများလုပ်ဆောင်ပေးနိုင်ရန် လုပ်ငန်းပါတနာများခေါ်ယူခြင်း

အကြောင်းအရာ။    ။ အရည်အသွေးမြင့် ရာဘာအစေးပြားထုတ်လုပ်သည့် လုပ်ငန်း/စက်ရုံများအတွက် လိုအပ်သောနည်းပညာနှင့် ရာဘာအစေးခဲအလူမီနီယံကန် ပံ့ပိုးပေးနိုင်ရန် ပူးပေါင်းလုပ်ဆောင်လိုသည့် အဆင့်မြင့် ရာဘာအစေးပြားထုတ်လုပ်သည့် စက်ရုံ၊ အလုပ်ရုံလုပ်ငန်းရှင်များအား ဖိတ်ခေါ်ခြင်း။

ကုမ္ပဏီမိတ်ဆက်

Inclusive Systems Myanmar LTD. GTY (ISM) သည် အကျိုးအမြတ်အတွက် မရည်ရွယ်သော ကုမ္ပဏီ ဖြစ်ပြီး၊ အဓိက အခြေပြုလုပ်ငန်းစဥ်မှာ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဖြစ်ပါသည်။ ကုမ္ပဏီအနေဖြင့် ကျေးလက်နေ အမျိုးသား၊ အမျိုးသမီး၊ လူငယ်လူရွယ်များနှင့် အခွင့်အလမ်းနည်းပါးသည့် သူများအတွက် အထူးရည်ရွယ်လျက် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးပြင်ပ ကုန်ထုတ်လုပ်မှု တိုးတက်စေရေး၊ အသက်မွေးဝမ်းကျောင်းစွမ်းရည်များ တိုးတက်လာစေရေး၊ အလုပ်အကိုင်ရရှိမှုနှင့် ဝင်ငွေရရှိနိုင်သော အခွင့်အလမ်းများတိုးတက်လာရေး စသည့် စိန်ခေါ်မှုများနှင့် စပ်လျဉ်းသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို ဦးတည်ထား၍ စီမံကိန်းများဖော်ဆောင်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ကုမ္ပဏီသည် မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်အတွင်းရှိ ရာဘာစီးပွားရေးကဏ္ဍ ပိုမိုတိုးတက်လာစေရန်နှင့် အရည်အသွေးမြင့်ရာဘာအစေးပြားများ ထုတ်လုပ်မှုတိုးတက်လာစေရန် ရည်ရွယ်၍ ရေတိုစီမံချက်တစ်ခု ဖော်ဆောင်ထားပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပူးပေါင်းလုပ်ဆောင်မည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်လျက်ရှိပါသည်။

ရည်ရွယ်ချက်

ဒေသတွင်းရှိ ရာဘာအစေးပြားထုတ်လုပ်သည့်စက်ရုံ/လုပ်ငန်းများအား လိုအပ်သောနည်းပညာ၊ စက်/ပစ္စည်း ကိရိယာများနှင့် ဈေးကွက်ချိတ်ဆက်မှု အထောက်အပံ့များ ရရှိလာစေရန်၊ ရာဘာစီးပွားရေးကဏ္ဍ ပိုမိုဖွံဖြိုးတိုးတက်လာစေရန် နှင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုမြင့်တက်လာစေရန် ဖြစ်ပါသည်။

အဆိုပြု လုပ်ငန်းစဉ်

စီမံကိန်းနှင့် ပူးပေါင်းလုပ်ဆောင်ရန်အရွေးချယ်ခံရသည့် လုပ်ငန်းရှင်များသည် –

၁) စီမံချက်မှရရှိသော ရာဘာအစေးခဲကန်များကို မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ အသေးစား ရာဘာအစေးပြားထုတ်လုပ်သည့် စက်ရုံငယ်များသို့ အခကြေးငွေမယူသော တစ်နှစ်အငှားချစနစ်ဖြင့် ပြန်လည်မျှဝေပေးရမည်ဖြစ်သည်။ (အနည်းဆုံးစက်ရုံငယ် ၂ ရုံ)

(စီမံချက်နှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းရှင်များအနေဖြင့် စက်ရုံငယ်များကိုရွေးချယ်ရာတွင် ရေရှည်ရပ်တည် သွားနိုင်မည့် အလားအလာရှိသော စက်ရုံငယ်များကို မိမိတို့အစီအစဉ်ဖြင့် လွပ်လပ်စွာရွေးချယ်နိုင်ပါသည်။ ရွေးချယ်မှုများလုပ်ဆောင်ရာတွင် နည်းပညာ၊ ဈေးကွက်ချိတ်ဆက်မှု အကူအညီများပိုမိုလိုအပ်သည့်စက်ရုံငယ်များကို ဦးစားပေးရွေးချယ်ရန် အထူးအလေးပေး တိုက်တွန်းလိုပါသည်။)

၂) အသေးစား ရာဘာအစေးပြားထုတ်လုပ်သည့် စက်ရုံငယ်များ မှထုတ်လုပ်လိုက်သော ရာဘာအစေးပြားများကို ပြန်လည်ဝယ်ယူခြင်း (သို့) ဈေးကွက်ချိတ်ဆက်ပေးခြင်း များကို လုပ်ဆောင်ပေးရမည်။

၃) ထို့အပြင် အသေးစား ရာဘာအစေးပြားထုတ်လုပ်သည့် စက်ရုံငယ်များရေရှည်လုပ်ငန်း လည်ပတ်နိုင်ရန်နှင့် ပိုမိုအရည်အသွေးပြည့်မီသော ရာဘာအစေးပြားများထုတ်လုပ်လာနိုင်စေရန် လိုအပ်သော နည်းပညာ၊ လမ်းညွှန်မှုနှင့် ချိတ်ဆက်ဆောင်ရွက်မှုများရေရှည် ပံ့ပိုးပေးနို်ငရမည်။

၄) စီမံချက်နှင့် စပ်လျဥ်း၍ တာဝန်ရှိသူများက စက်ရုံငယ်များသို့ ကွင်းဆင်းလေ့လာမှုများ လုပ်ဆောင်သည့်အခါ လိုအပ်သည့် အကူအညီများ/ချိတ်ဆက်ပေးမှုများကို ဆောင်ရွက်ပေးရမည်။

၅) စီမံကိန်းအစီရင်ခံစာရေးသားရာတွင် လိုအပ်သော အချက်အလက်များကို ပံ့ပိုးပေးရမည်။

မှတ်ချက်။    ။ တစ်နှစ်အငှားချကာလ ပြီးဆုံးပါက လက်ရှိအငှားချထားသည့် စက်ရုံငယ် (သို့) အခြားစက်ရုံငယ်များသို့ အငှားချပေးခြင်းကို မိမိတို့အစီအစဉ်ဖြင့် ဆက်လက်လုပ်ဆောင်ရန် ဖြစ်ပါသည်။

အဆိုပြုလွှာတင်သွင်းနိုင်သည့်ကာလ

  • ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ( ၆ ) ရက်နေ့ အထိ။

အဆိုပြုလွှာလျှောက်ထားနိုင်သည့်နည်းလမ်းများ –

  • Online မှလျှောက်ထားခြင်းအတွက် ဤနေရာ Submit Hereကိုနှိပ်ပါ။
  • Viber မှလျှောက်ထားရန် ­_ပေးထားသောလင့်အတိုင်း တိုက်ရိုက်ဖြည့်သွင်းလျှောက်ထားရန် အခက်အခဲရှိပါက အဆိုပြုလွှာပုံစံပါ အချက်အလက်များကို A4 စာရွက်ပေါ်တွင်ပြန်လည်ကူးယူကာ ပြည့်စုံစွာဖြည့်သွင်းပြီး Scan ဖတ်ထားသောအဆိုပြုလွှာအား Viber နံပါတ် (+95 (0) 9960259019) သို့သတ်မှတ်ရက်မတိုင်မီ ပေးပို့လျှောက်ထား နိုင်ပါသည်။

လုပ်ငန်းအကောင်စတင်အထည်ဖော်ဆောင်ရွက်နိုင်သည့်ကာလ

  • ၂၀၂၄ ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလများ အတွင်း၊ စီမံချက်မှပံ့ပိုးပေးသော နည်းပညာ နှင့် အလူမီနီယံအစေးခဲကန်များ လက်ခံရရှိပြီးသည့် အချိန်မှစ၍။

စီမံချက်မှပံ့ပိုးပေးမည့်အရာများ

စီမံချက်နှင့်လက်တွဲလုပ်ဆောင်ရန် ရွေးချယ်ခြင်းခံရသည့် လုပ်ငန်းရှင် တစ်ဦးစီအတွက် –

  • ရာဘာအစေးခဲအလူမီနီယံကန် – ၄၅ ချပ်ကန် (စီမံချက်မှသတ်မှတ်ထားသော ငွေလဲလှယ်နှုန်းထားအတိုင်း USD 6,000 ထက်မကျော်သောပမာဏနှင့်ညီမျှသည့် အလူမီနီယံကန်အရေအတွက်။)
  • အရည်အသွေးမြင့်ရာဘာအစေးခဲပြုလုပ်ရန်နည်းပညာ (လိုအပ်ပါက)
  • ရာဘာစိုက်ပျိုးထုတ်လုပ်သူများလိုအပ်သောနည်းပညာများလေ့လာနိုင်ရန်ရည်ရွယ်ရေးဆွဲထားသည့်ဒစ်ဂျစ်တယ်သင်ရိုးညွှန်းတမ်း နှင့် အသုံးပြုနည်းသင်တန်း

လျှောက်ထားနိုင်သူများ

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ တစ်ရက်လျှင် ၅တန် (သို့) ၅ တန်နှင့်အထက် ထွက်ရှိသော အရည်အသွေးမြင့် ရာဘာအစေးပြား ထုတ်လုပ်သည့်စက်ရုံ/ကုမ္ပဏီများ လျှောက်ထားနိုင်ပါသည်။

ရွေးခြယ်မည့်လုပ်ငန်းအရေအတွက်

လျှောက်ထားလာသည့်အဆိုပြုလွှာများအတွင်းမှ သတ်မှတ်ချက်များနှင့်ကိုညီသောလုပ်ငန်းပါတနာ (၂) ခု ကိုရွေးချယ်သွားမည်ဖြစ်ပါသည်။

(ဦးရာလူစနစ်ဖြင့်ရွေးခြယ်သွားမည်ဖြစ်ပါသဖြင့် အဆိုပြုလွှာများကိုသတ်မှတ်ရက် (ဇူလိုင် ၆၊ ၂၀၂၄ ခုနှစ်) မတိုင်မီ စောလျှင်စွာလျှောက်ထားရန် တိုက်တွန်းပါသည်။)

လျှောက်လွှာများတွင်

  • စီမံချက်၏ရည်ရွယ်ချက်အတိုင်း အသေးစားရာဘာအစေးပြားထုတ်လုပ်သည့်စက်ရုံများကို နည်းပညာ၊ အလူမီနီယံအစေးခဲကန် နှင့် ဈေးကွက်ပံ့ပိုးပေးခြင်းကို မည်ကဲ့သိုလုပ်ဆောင်မည်ကို ရှင်းလင်းစွာရှင်းလင်းစွာဖော်ပြရန်။
  • စီမံချက် အလွန် ကာလများအတွက် စီမံချက်မှရရှိထားသော နည်းပညာနှင့် အစေးခဲကန်များကို အသုံးပြု၍ ရာဘာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပံ့ပိုးပေးမည့်အစီအစဉ်များကို ရှင်းလင်းစွာဖော်ပြရန်။
  • အဆိုပြုထားသည့် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ကြုံတွေ့လာနိုင်သည့်အခက်အခဲများ နှင့် ၄င်းတို့ကို ကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းများကို ထည့်သွင်း ဖော်ပြရန်။

ထို့အပြင် စီမံချက်အနေဖြင့် လုပ်ငန်းများ ရွေးချယ်ရာတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစား သွားမည်ဖြစ်ပါသည်။

  • လျှောက်ထားသည့်ကုမ္ပဏီ၏ ရှင်းလင်းသောလုပ်ငန်းမူဝါဒ၊ လုပ်ငန်းအစီအစဉ် ရေးဆွဲထားမှုအခြေအနေ၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုအခြေအနေ (နည်းပညာ၊ စီမံခန့်ခွဲမှု၊ ဈေးကွက်၊ လုပ်ငန်းလည်ပတ်ငွေ စသည်)
  • ကုမ္ပဏီ/စက်ရုံ သက်တမ်းနှင့် ဒေသတွင်းဂုဏ်သတင်းကောင်းမွန်မှုအခြေအနေ
  • စီမံကိန်းမှပံ့ပိုးပေးသောအရာများအပြင် ကုမ္ပဏီ/စက်ရုံဘက်မှ မျှဝေထည့်ဝင်မည့်ငွေကြေး၊ နည်းပညာ အစီအစဉ်။
  • သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒများရေးဆွဲ၊အကောင်အထည်ဖော်သည့်အစီအစဉ်များချမှတ်ထားမှုအခြေအနေ။
  • အသက် (၁၈)နှစ်အောက် ကလေးလုပ်သားမရှိသော (သို့) ကလေးလုပ်သားဉပဒေနှင့်အညီ ကလေးလုပ်သားများကို ခန့်အပ်ထားရှိမှုအခြေအနေ

Leave a Reply

Your email address will not be published. Required fields are marked *

You may also like these

No Related Post