နိုင်ငံခြားဈေးကွက်ဝင် မျှစ်ချိုး ၊ မျှစ်ပြုတ်၊ မျှစ်ခြောက်ထုတ်လုပ်နည်း ပညာပေးဆွေးနွေးဖလှယ်ခြင်း (အွန်လိုင်း)

Naraindaraco.,ltd (နရိန္ဒြာ) သည် ၂၀၁၅ ခုနှစ်မှ စတင်ပြီး နိုင်ငံတကာ စံချိန်မှီ မျှစ်ခြောက်များကို နိုင်ငံတကာသို့ တင်ပို့ရောင်းချလျှက်ရှိပါသည်။ နရိန္ဒြာအနေဖြင့် တောင်သူများ ရေရှည် ဝင်ငွေရရှိရေး၊ ဈေးကွက်ဝင်ဝါး စနစ်တကျစိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်အကျိုးပြု ဝါးတောများ ထိန်းသိမ်းရေးအတွက် လိုအပ်သောနည်းပညာများကို ပညာရှင်များဖြင့် စာတွေ့၊ လက်တွေ့ နည်းလမ်းများအသုံးပြုကာ အစဉ်တစ်စိုက်ပံ့ပိုးပေးလျှက်ရှိပါသည်။ ထို့အပြင် ထွက်ရှိလာသော ထုတ်ကုန်များကိုလည်း ဈေးကွက်ပေါက်ဈေးထက် ( ၂ ဆ ) ပေး၍ဝယ်ယူပေးခြင်းများကိုလည်း လုပ်ဆောင်ပေးလျှက်ရှိပါသည်။

ယခုအခါတွင် Inclusive Systems Myanmar LTD. GTY  (ISM) နှင့် နရိန္ဒြာ တို့ပူးပေါင်း၍ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ တောင်သူများနှင့် ဈေးကွက်ဝင်ဝါးစိုက်ပျိုးရန် စိတ်ပါဝင်စားသော သူများအတွက် အွန်လိုင်းမှတစ်ဆင့် နည်းပညာဆွေးနွေးဖလှယ်ခြင်းအား အောက်ပါအစီအစဉ်အတိုင်းကျင်းပသွားမည်ဖြစ်ပါသည်။

ထို့အပြင် စီးပွားဖြစ် စနစ်တကျဝါးစိုက်ပျိုးလိုသူများနှင့် မျှစ်ပြုတ်၊မျှစ်ခြောက်များတင်ပို့ရောင်းချရန် စိတ်ပါဝင်စားသော လုပ်ငန်းရှင်များအား နရိန္ဒြာ မှ နည်းပညာနှင့် ဈေးကွက်ချိတ်ဆက်မှုကို ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသဖြင့် ဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသောသူများ တက်ရောက်လေ့လာနိုင်ပါသည်။

စာရင်းပေးသွင်းရန်

စာရင်းပေးသွင်းရန်_https://docs.google.com/forms/d/e/1FAIpQLSfEujD4QGYCRTFzOq1zBlaqvCX7XoQdrGpmDb-JiBUn_Ohq-w/viewform

  • စာရင်းပေးသွင်းရန်ကာလ _ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့မှ ဇူလိုင်လ (၁) ရက်နေ့အထိ
  • အကယ်၍ပေးထားသောလင့်မှတစ်ဆင့် စာရင်းပေးသွင်းရန် အခက်အခဲရှိပါက Viber နံပါတ်   +95 9 968368240, +95 9 422455027, +95 (0) 9960259019 သို့စာပို့မေးမြန်းစုံစမ်း၊ အကူအညီရယူနိုင်ပါသည်။

ဆွေးနွေးပွဲအစီအစဉ်

နေ့ရက် _ ဇူလိုင်လ ၅ ရက်၊ ၂၀၂၄ ခုနှစ်

အချိန်   _ နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီအထိ

နေရာ    _ အွန်လိုင်း (Zoom Meeting)

Join Zoom Meeting

https://us06web.zoom.us/j/81659061727?pwd=bV0PTFVXbSC78rSD5yj4PcIC1QLZYg.1

Meeting ID: 816 5906 1727

Passcode: 525099

About the Author

Leave a Reply

Your email address will not be published. Required fields are marked *

You may also like these

No Related Post